Friday, October 14, 2011

ပင့်ကူကဗျာ

ပင့်ကူလေးရေ
မင်းလေးကတော့ အမျှင်လေးတွေ
ရစ်ဖွဲ့ထုံးကာ အိမ်လေးတစ်လုံး
ဆောက်နိုင်ပြီပေါ့ ငါမှာတော့လေ
ဘာအမျှင်မရှိ မရစ်ဖွဲ့နိုင် သို့သော်ငြားလည်း
ငါ့နှလုံးသားကို သူကဦးအောင်
ရစ်ဖွဲ့ချည်နှောင် ချစ်ကြိုးလေးဖြင့်
ဆောင်ယူသွားပြီ ပင့်ကူလေးရေ........................။

May Zin Maung

1 comment:

cecilia said...

ဒီကဗျာကိုတော့ကြိုက်တယ်
ကောင်းကောင်းစဉ်းစားရင်
အရမ်းလေးနက်တယ်
ဒီထက်ကောင်းတဲ့ကဗျာတွေလည်း
ဆက်ရေးနိုင်ပါစေ။