Saturday, November 12, 2011

သရဲခေါင်းဂျီးများ ....

သရဲခေါင်းဂျီးများ ....


တစ်ခါတုန်းက အိမ်သာနံရံဆိုတဲ့ ရွာကြီးမှာ ... သူငယ်ချင်းလေးယောက်ရှိတယ်တဲ့ ... နာမည်တွေက အီးထူလိပ်ခေါင်း ၊ ဖင်ချွန်းမြက်လျှော၊  လက်ဝါးကြီးဝူးဝါး နဲ့ နှာကြီးကက်စပါလို့ အမည်တွင်သတဲ့ကွယ် ... သူတို့လေးယောက်က ဘဲဥဘုရင်ကြီးဆီမှာ အရမ်းကို အမှုတော်ထမ်းရွက်ချင်ကြသတဲ့ ... တစ်နေ့တော့ ဘုရင်ကြီးဘဲဥကနေပြီးတော့ စစ်သည်တော်ရွေးပွဲလုပ်ပါလေရော ... အဲတာနဲ့ သူတို့ သူငယ်ချင်းလေးယောက်ကလဲ အရွေးခံဖို့ ဘဲဥဘုရင်ကြီးရှိတဲ့ စက်မှု ၁ မြို့တော်ကြီးဆီကသွားကြပါလေရော ... ရောက်တော့ သူတို့လဲ သူရဲကောင်းရွေးပွဲမှာဝင်ရွေးကြတာပေါ့ ... ဒါပေမဲ့ အရည်အချင်းမပြည့်ဝတာနဲ့ ဘုရင်ကြီးဘဲဥကနေပြီး သေသေချာချာပြန်လေ့ကျင့်ပြီးနောက်တစ်ခါထပ်ရွေးရင် လာခဲ့ပါလို့ပြောပါသတဲ့ ... သူတို့လေးယောက်ကလဲ စိတ်ပျက်လက်ပျက်နဲ့ အိမ်သာနံရံကိုပြန်ကြတာပေါ့ ... သူတို့ပြန်နေတဲ့အချိန်လေးမှာပဲ စက်မှု ၁ မြို့တော်ကြီးကို ရန်သူတွေက၀င်ပြီးတော့ တိုက်ခိုက်ပါလေရော ... ဘုရင်ကြီးလဲ အခြေအနေမဟန်တာနဲ့ မြို့တော်ကနေဘယ်သူမှ မသိအောင်တိတ်တိတ်လေးထွက်ပြီး အပြင်မှာရှောင်နေမယ်ဆိုပြီးထွက်ပါလေရော ... အဲတာကိုရန်သူတွေကသိတော့ ဘုရင်ကြီးအနောက်ကိုလိုက်ကြတာပေါ့ ... ဘုရင်ကြီးလဲပြေးရင်နဲ့ ကိုယ်လုပ်တော် အဲ ကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး အီးထူလိပ်ခေါင်းတို့ လေးယောက်နဲ့သွားတွေ့တယ်ခင်ဗျ ... သူတို့က ဘုရင်ကြီးဘဲဥကိုမြင်တာနဲ့ ပျာပျာသလဲ အရှင်မင်းကြီးဘာဖြစ်လို့ ဒီကိုရောက်လာတာလဲမေးတော့ ဘုရင်ကြီးဘဲဥက အကြောင်းစုံကိုရှင်းပြတော့ အီးထူလိပ်ခေါင်းတို့က အရှင်မင်းကြီးကို ကျွန်တော်မျိုးတို့လေးယောက် ၀ိုင်းဝန်းကာကွယ်ပါ့မယ်ပေါ့ ..
ဘုရင်ကြီးလဲသူတို့နောက်လိုက်သွားရော ... ပြေးကြရင်းနဲ့ မြစ်ကိုရောက်တော့ လှေတစ်စင်းတွေ့တာနဲ့ သူတို့ကလှေနဲ့ တစ်ဖက်ကမ်းကူးရင် ရန်သူလက်ထဲကလွတ်ပြီဆိုတာနဲ့ လှေပေါ်တက်ကြတယ် ... ဖင်ချွန်းမြက်လျှောက လှေကိုတွန်းပေးပြီး ရေလည်ရောက်တော့ လှေပေါ်တက်ထိုင်လိုက်တာ လှေကပေါက်သွားပါလေရော ... အဲတာနဲ့ လက်ဝါးကြီးဝူးဝါးက သူ့လက်ကိုခွက်ပုံစံလုပ်ပြီးရေတွေကိုခပ်ထုတ်ပစ်ရတယ် ... နှာကြီးကက်စပါက ရေတွေကုန်တာနဲ့ တပြိုင်နက် နှပ်ချီးတွေညှစ်ပြီး အဲအပေါက်ကိုဖာလိုက်သတဲံကွယ် ... သူတို့လဲ စိတ်အေးလက်အေးဖြစ်ပြီထင်တုန်း လှော်တက်ပါမလာတာနဲ့ လက်ဝါးကြီးဝူးဝါးက သူ့လက်နဲ့ လှေကိုလှော်ရသတဲ့ ... ရန်သူဘက်ကလဲ အနောက်ကလိုက်တာပေါ့ တဖြည်းဖြည်းနဲ့ ရန်သူ့လှေက လူ လေးငါးဆယ်ဝိုင်းလှော်ကြတော့ ဘုရင်ဘဲဥလှေကိုမှီလာပါရော ... အဲမှာအီးထူလိပ်ခေါင်းက အကြံတစ်ခုရပြီး ဖင်ချွန်းမြက်လျှောကို လှေအနောက်ပဲ့နားမှာ ဖင်နဲ့အပေါက်ဖောက်ပေးခိုင်းသတဲ့ ... ဖင်ချွန်းကလဲ အီးထူလိပ်ခေါင်းပြောတဲ့အတိုင်းလုပ်ပေးရတာပေါ့ ... အပေါက်ဖောက်ပြီးတဲ့အချိန်ကျတော့ အီးထူက အဲအဖောက်မှာ သူ့ဖင်ကိုစွပ်ပြီးတော့ အီးတွေဆက်တိုက်ပေါက်သတဲ့ ... အဲတာနဲ့ပဲ ဘုရင်ကြီးဘဲဥလှေက အခုခေတ်မော်တော်ဘုတ်တွေလို ဖွတ်ကနဲ ဖွတ်ကနဲနဲ့ ပြေးလိုက်တာ ရန်သူတွေဘယ်လိုမှ မမှီတော့ဘူးတဲ့ကွယ်
ဒါနဲ့ပဲ ဘုရင်ကြီးက သူတို့လေးယောက်ကိုကိုယ်လုပ်တော် အဲ ကိုယ်ရံတော်အဖြစ်ခန့်အပ်ပြီး တောထဲမှာပုန်းနေလေသတဲ့ ... ကြာတော့သူ့နိုင်ငံကို ပြန်တိုက်မယ်ဆိုပြီး အီးထူတို့ လေးယောက်နဲ့တိုင်ပင်ပြီး ညတစ်ညမှာ စက်မှု ၁ မြို့တော်ကြီးကိုပြန်သွားပြီး တိတ်တဆိတ်နဲ့ အကောင်အထည်ဖော်ပါလေရော ...
ဖင်ချွန်းမြက်လျှောကနေပြီးတော့ မြို့  ရိုးအပြင်ဘက်မှာ သူ့ဖင်နဲ့ ကျွင်းတွေအများကြီးတူးသတဲ့ ... အဲကျွင်းတွေထဲကို နှပ်ကြီးကပ်စပါက နှာရည်တွေညှစ်ချပြီးတော့လက်ဝါးကြီးက သစ်ရွက်တွေသယ်ပြီးဖုံးပေးသတဲ့ ... နောက်တော့ သူတို့လေးယောက်ကမြို့  ရိုးနားသွားပြီးတော့ ရန်သူတွေကိုစိန်ခေါ်ပြီး ထွက်ပြေးတော့ ရန်သူတွေလိုက်လာတဲ့အချိန်မှာ ကျွင်းတွေထဲကျပြီး နှာရည်တွေထဲနစ်နေတာပေါ့ကွယ် ... လက်ဝါးကြီးဝူးဝါးကလဲ ကျောက်ခဲတွေကိုင်ပြီး စက်သေနတ်လိုပဲပစ်သတဲ့ ... လက်ဝါးနဲ့ တစ်ခါပစ်ရင် ကျောက်ခဲတွေက တောင်းကြီးနဲ့ သုံးတောင်းစာလောက်ရှိသတဲ့ ... အီးထူလိပ်ခေါင်းကလဲ သူ့ဖင်ကြီးကို ရန်သူ့ဘက်လှည့်ပြီး အီးတွေစလစက်ပေါက်တော့ ရန်သူတွေက အနံ့မခံနိုင်တော့ အနားမတိုးနိုင်ဘူးပေါ့ကွယ် ... ဘုရင်ကြီးဘဲဥတို့ကလဲ နှာခေါင်းအ၀တ်စည်းပြီးတော့ ရန်သူတွေကို တိုက်ရသတဲ့ ( နံတာကိုး အီးနံ့က ) ဟိဟိ .... ဒီလိုနဲ့ တိုက်လာလိုက်တာ နောက်ဆုံးမှာရန်သူတွေလဲပြေးပြီးတော့ ဘုရင်ကြီးကလဲ သူ့ရဲ့ စက်မှု ၁ မြို့တော်ကြီးကို ပြန်အပိုင်စားရသတဲ့ ... အီးထူ ၊ ဖင်ချွန်း ၊ လက်ဝါးကြီးနဲ့ နှာကြီး တို့ကိုလဲ စက်မှု ၁ နိုင်ငံတော်ကြီးရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့တွေကိုပေးပြီး အိမ်သာတပ်ရင်းမှုးတွေအဖြစ်ခန့်အပ်လိုက်သတဲ့ကွယ် .. ပုံပြင်လေးကတော့ ဒါပါပဲ .... ဒန် တန့် တန့် ဂွမ့် ။။။

No comments: