Sunday, October 16, 2011

မင်းတွေး

လေညှင်းလေးက တဖြူးဖြူး
လေရူးတွေက တသုန်သုန်
မုန်တိုင်းကလည်း တ၀ူးဝူး
မြက်ရိုင်းပင်တွေလည်း ဟိုလဲဒီလဲနဲ့
လေဦးတည်ရာ ယိမ်းနေတာ။
ခံစားချက်တွေ ဝေလေလေ
အတွေးတွေက တတွေတွေ
လွမ်းငွေ့တွေက တဝေေ၀
တမ်းတစိတ်က အငြိမ်မနေ
မင်းရှိရာသို့ခေါ်ဆောင်နေ။
ကိုယ့်ဘ၀က ခပ်ကြမ်းကြမ်း
စရိုက်ကလည်း ခပ်ဆန်းဆန်း
အိမ်ကလေးက ခပ်နွမ်းနွမ်း
ရည်ရွယ်ချက်က အံ့ဘခန်းနဲ့
ငါ့ဘ၀က အပါယ်ဘုံမှာလား
နတ်ဘုံမှာလား မင်းတွေးကြည့်ပါ။။ ။

ဝဏ္ဏအောင်

1 comment:

cecilia said...

အတော်လွမ်းမော စရာပဲနော်...............