ပုစ္ဆာတစ်ပုဒ်ကိုတွက်ကြည့်ကြရအောင်။
ကျွန်ပ်သည်ခြေစုံကိုရပ်၍စဉ်းစားနေမိသည်။ စဉ်းစားနေသည်မှာလမ်းလျှောက်လျှင်မည်သည့် ခြေထောက်ကဦးဆုံးလှမ်းရမည်နည်းဟုပင်ဖြစ်သည်။ ဖြစ်နိုင်ခြေများကိုစဉ်းစားရာတွင် ကျွန်ုပ်၏စိတ်သည်ညာခြေကိုသာဦးစားပေး၍ ဘယ်ခြေထက်အရင်လှမ်းစေချင်သည်။ သို့သော်ညီမျှမှုရှိမည်မထင်၊ စိတ်စေတိုင်းကိုလူကလိုက်၍မလုပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်မည်သည့်ခြေကဦးစွာလှမ်းသင့်သည်ကိုလည်းကောင်း၊ အကွာအဝေးအားဖြင့်လည်းကောင်း၊ မည်သည့်ခြေကအလျှင်လှမ်းလေ့ရှိသည်ကိုလည်းကောင်းတွက်ချက်၍ကြည့်ချင်ပါသည်။
ဘယ်ခြေ၏လှမ်းနိုင်ခြေ= ၆
ညာခြေ၏လှမ်းနိုင်ခြေ =၈
စလှမ်းလိုသောခြေ (ညာ) =၎
စလှမ်းလိုသောခြေ (ဘယ်)= -၂
ညာခြေဖြင့်စလှမ်းလျှင်ဖြစ်နိုင်ခြေအလျင် = ၅
ဘယ်ခြေဖြင့်စလှမ်းလျှင်ဖြစ်နိုင်ခြေအလျင် = -၎
| လှမ်းနိုင်ခြေ | လှမ်းလိုခြေ | အလျင် |
ဘယ်ခြေ | ၆ | -၂ | ၄ |
ညာခြေ | ၈ | ၄ | ၅ |
ဘယ်ခြေ ( ၆-(-၂)-၄) = ၎
ညာခြေ (၈-၄-၅) = -၁
ဒါဆိုရင်ညာခြေဖြင့်စလှမ်းတာကပို၍ဖြစ်နိုင်ခြေရှိပြီးပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဘာဘက်က ၄ပြောင်ပြီး ဘယ်ဘက်ကို -၁ ထားရမှာဖြစ်တယ်။ ဒီနည်းလမ်းကိုပညာရှင်အများသည် စီးပွါးရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် တို့တွင်သာမက အခြားနေရာများတွင်လည်းတွင်ကျယ်စွာသုံးလေ့ရှိပါတယ်။ ချီတုံချတုံ ဖြစ်နေချိန်တွေမှာသုံးသင့်ပါတယ်။ နောက်ထပ်ဥပမာ ၁ ခုကိုသုံးပြပါဦးမယ်။
| ကောင်းတယ် | မကောင်းဘူး | |
ချစ်သင့် | ၇ | -၃ | ၆ |
မချစ်သင့် | ၅ | -၁ | ၁၀ |
ဒါဆိုရင် ချစ်သင့် = ( ၆) ပဲရတယ်
မချစ်သင့်တာက= ( ၁၀) ရတယ်
ဒါကြောင့်မချစ်သင့်ပါဘူး။
ဤသည်များသည် ကျွန်ပ်ဖြတ်ချက်တစ်ခုလုပ်ရချိန်တွင် ပြုလုပ်လေ့ရှိသည်။
သူငယ်ချင်းများအားမျှဝေခြင်းဖြစ်သည်။ နည်းလမ်းကောင်းဖြစ်သည်ဟုပြောလိုပါသည်။ ယုံလျှင်သုံး မယုံလျှင်မသုံးပါနှင့်။ ကျွှန်ပ်တစ်ခုပြောလိုသည်မှာ သင်၏စိတ်ကိုသင်္ချာနည်းဖြင့်တွက်ချက်နိုင်ပါသည်။
ဝဏ္ဏအောင်.......
No comments:
Post a Comment