အဖျားရှူး ခြင်း
ပရိဘောဂ ဆိုင်ရှင်တစ်ယောက်သည် ရန်ကုန်မြို့သို့ရောက်ခိုက် ဟိုတယ်တွင် နိုင်ငံခြားသူလေးတစ်ယောက်နှင့် မိတ်ဖွဲ့ဖြစ်၏
သူတို့ သိကျွမ်းပုံက
ဓါတ်လှေကားခန်းထဲတွင်ဖြစ်သည် ... သူလေးကချောတော့ ကိုယ့်ဆရာလည်း မနေနိုင်ပဲ စာရွက်အလွတ်ပေါ်မှာ အငှားကားပုံစံလေး ဆွဲပြလိုက်တယ် .. အဆင်ချောစွာနဲ့ ပန်းခြံသို့ အလည်အပတ်ရောက်ခဲ့တယ်
လည်လို့အားရတော့ ဆရာသမားက စားပွဲပုံလေး ဆွဲပြပြီး စားပွဲပေါ်မှာ ? လေးရေးပြလိုက်တယ် .. သူလေးက ခေါင်းငြိမ်တော့ စားသောက်ဆိုင်မှာ သွားငြိမ့်နေတာပေါ့ ...
စားပြီးတော့ ကိုယ့်ဆရာက တစ်ဆင့်တက်တယ် .. စာရွက်ပေါ်မှာ လူနှစ်ယောက်ကနေတဲ့ ပုံစံလေးဆွဲပြလိုက်တယ် .. နှစ်ယောက်သား နိုက်ကလပ်ရောက်သွားကြတယ်
ကလို့ပြီးတော့ သူလေးက စာရွက်ကို ဆွဲယူပြီး ကုတင်ပုံစံလေးဆွဲပြလိုက်တယ် ...
ဒီမှာဆရာသမားတအံ့တသြပြောလိုက်တာ
က ... ဟားးး ငါပရိဘောဂတွေရောင်းမှန်း သူဘယ်လိုသိသွားပါလိမ့်တဲ့လေ ....
No comments:
Post a Comment