Saturday, November 12, 2011

သက်သေ

သက်သေ

မြို့တစ်မြို့တွင်ဖြစ်သည် ... လူသတ်မှုတစ်ခုဖြစ်ပွားရာ   လူသတ်သမားအား  ရှာမတွေ့ပဲ သက်သေအဖြစ် ဦးထုပ်တစ်လုံးသာ ကျန်ခဲ့လေသည် ...

ရဲက  ဦးထုတ်အား သက်သေထားပြီး ထိုဦးထုပ်ကိုသာ အမြဲဆောင်းတတ်သော ဦးဘအား ဖမ်းလိုက်ပြီး  တရားရုံးတွင် တရားဆွဲဆိုလိုက်လေသည် ..

တရားရုံးတွင်ဖြစ်သည် ... ဦးဘ၏ ရှေ့နေမှ  ဦးဘဆောင်းတတ်သောဦးထုပ်ပုံစံမျိုး (၁၀) လုံးခန့်ယူဆောင်လာပြီး  တရားသူကြီးအား
ပြောလေသည် ...

.. ဒီဦးထုပ်မျိုးက ဘယ်မှာဝယ်ဝယ်ရတဲ့ ဦးထုပ်မျိုးပါ။ ဒီမြို့လေးမှာ  ဦးဘ တစ်ယောက်ပဲဆောင်းတတ်ပေမယ့် အနီးအနားမြို့တွေက  လူသတ်ပြီး ကျကျန်ခဲ့တာရောမဖြစ်နိုင်ဘူးလား ။  ပြီးတော့ ဒီဦးထုပ်လေး တစ်ခုကို သက်သေထားပြီး  ဒီလူကို ထောင်ချမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး ..တကယ့် တရားခံအစစ်က ရီမောနေပါလိမ့်မယ် ....

တရားသူကြီးမင်းလည်း စဉ်းစားပြီး  အခြေအမြစ်ရှိသည့်အတွက် ဦးဘအား လွှတ်လိုက်လေသည် ..

သို့သော် ဦးဘမှာ ထွက်မသွားသေးသဖြင့် တရားသူကြီးမင်းက
.. ဦးဘက ဘာများ မကြေနပ်တာရှိသေးလို့လည်း ...

ဦးဘပြောလိုက်တာက .. ဒီလိုပါ ။ အမှုပြီးသွားပြီဆိုရင်လည်း  ကျွန်တော့ ဦးထုပ်ကလေး  ပြန်ယူသွားချင်လို့ပါ

No comments: