Tuesday, November 8, 2011

ဘ၀ဆက်တိုင်း

ခင် ………
ဝေးတော့လည်း ဝေးသည်
မတွေ့တော့လည်း ခပ်တည်တည်
မပြောတော့လည်း ရှိသည်မထင်
ဝေးနေရတဲ့ ခဏအတွင်း
နေလိုလလို နေတတ်သူ ခင်။
မလိုမပို မခေါ်လျှင်နေ
မဆိုင်တော့သလို ဘာသိဘာသာ
ကိုယ့်ဘ၀ကို ဖက်ရွက်စုတ်လို
အသုံးမလိုလို့ ပစ်ထားခဲ့တာလား ခင်။
ကိုယ်အချစ်က မင်းအတွက်
ဝေသန္တရာလို မရက်ရောနိုင်ခဲ့ပေမယ့်
သုံးချင်တိုင်းသုံး အကုန်လုံး
ဘ၀ဆက်တိုင်း
ပေးချင်သူပါ ခင်...........

ဝဏ္ဏအောင်

No comments: