Tuesday, November 8, 2011

ကျွန်ုပ်သိသလောက်ကျွန်ုပ်အကြောင်း (၀ဏ္ဏအောင်)


ကျွန်ုပ်အကြောင်းကို ညီအစ်ကိုများ သိကြပြီးဖြစ်ကြောင်းယူဆပါသည်။ သို့သော် တစ်စိတ်တဒေသသော်လည်းကောင်း၊သာမန်အားဖြင့်သိရှိခဲ့ကြကြောင်းမှာငြင်းမရပေ။
ကျွန်ုပ်ဘ၀မှာများစွာကံကောင်းသည်ဟုဆိုနိုင်သည်။ဗုဒ္ဓဘာသာအယူမရဆိုလျင်ရှေးဘ၀ကကုသိုလ်ပါရမီဖြည့်ဆည်းခဲ့ခြင်းကြောင့်ဟုဆိုရမည်လားမသိ၊ သို့သော်ကံကောင်းသည်မှာမှန်၏။ကံကိုယုံကံကိုပုံတတ်သည့်လူစားမျိုးလည်းမဟုတ်ပါ။ကိုယ်လုပ်မှရမည်၊ကိုယ်ကြည့်မှမြင်မည်၊ကိုယ်သွားမှရောက်မည်ဟူသောဒသနကိုလက်ကိုင်ထားသူဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူကျွန်ုပ်ဘ၀ကိုပံ့ပိုးပေးသူများများစွာရှိခဲ့လေသည်။လူပြိန်းနတ်မဟုဆိုလည်းမတတ်နိုင်။
ကျွန်ုပ်ကိုးကွယ်သောဘာသာမှာခရိယာန်ဘာသာဖြစ်သည်။သို့သော်ဘုရားကျောင်းတော့မသွား၊တစ်လနှစ်လနေမှတစ်ခါပင်ရောက်ခဲလှပါသည်။ စကားစပ်၍ပင်ဆိုရဦးမည်၊အချို့သောခရိယာန်ဘာသာဝင်များသည်ဘာသာ၏အယူဝါဒနှင့်လျားလျားမျှမသက်ဆိုင်သောအယူများ၊အယူသီးမှုများ၊တလွဲတချော်အယူအဆများသမ္မာကျမ်းစာ၏အနက်ကိုနားမလည်ကြဘဲမိမိကိုယ်ကိုခရိယာန်ဘာသာဝင်တစ်ဦးဟုဆိုချင်ကြသည်။ ကျွန်ုပ်တို့သည်ခောတ်နှင့်အညီတွေးတောရပေတော့မည်။ဆိုလိုသည်မှာမိမိကိုးကွယ်သောဘာသာကိုမည်သို့ဆင်းသက်လာသည်၊ အယူဝါဒများမည်သို့ရှိသည် စသည်တို့ကိုဆိုလိုပါသည်။ ကျွန်ုပ်တို့ဘာသာတွင်ပညတ်တော် ၁၀ ပါးရှိ၏၊ တစ်ပါးပါးကိုချိုးဖျက်ပါမူဝိပဿနာဖြစ်၏။ အသင်းတော်တွင်လိုက်နာရန်ကျင့်ဝတ် ၆ ပါးရှိ၏၊ တစ်ပါးပါးကိုချိုးဖျက်ပါက၀ိပဿနာထိုက်သည်ဟုမဆိုနိုင်ပါ။လူတို့သည်ညွတ်ညူးသောစိတ်ဖြင့်အလှူကိုပြုတတ်ကြ၏။ အာပတ်ဖြေပြီးတိုင်းလည်းထိုသူသည်အပြစ်ကင်းသွားပြီဟုမဆိုနိုင်ရာ။ငါ့အားဖြင့်သာလူသားတို့သည်ကောင်းကင်နိုင်ငံသို့ရောက်ရ၏ ဟုခရစ်တော်မိန့်တော်မူခဲ့သည်၊ ဤတွင်စဉ်းစားစရာရှိလာသည်။ 

ခရစ်တော်အားကိုးကွယ်မှလော သို့မဟုတ်တည်း သမ္မာကျမ်းစာအားယုံကြည်မှလော သို့မဟုတ်သူ၏ကျင့်စဉ်တော်များနှင့်တရားတော်များကိုလိုက်နာကျင့်ကြံရန်လောဟုပင်မေးစရာများရှိလာသည်။ ကျွန်ုပ်အထင်အမြင်ကိုဆိုရလျှင်ခရစ်တော်၏ကျင့်စဉ်များနှင့်တရားတော်များကိုလိုက်နာရန်ဖြစ်မည်ဟုသာဆိုချင်ပါသည်။
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားဆုတောင်းသည်ကိုသိရုံမျှဖြင့်သင်သည်သက်ဝင်ယုံကြည်သူတစ်ဦးမဖြစ်နိုင်၊ဘာသာဝင်တစ်ဦးအဆင့်တွင်သာရှိ၏။ သက်ဝင်ယုံကြည်သူဖြစ်ရန်သခင်ခရစ်တော်၏ကျင့်စဉ်တော်များနှင့် ဟောကြားခဲ့သောတရားများကိုကျင့်ကြံနိုင်မှသာဖြစ်ပေမည်။ ဤသည်မှာကျွန်ုပ်သည်ဘာသာဝင်တစ်ဦးအဆင့်မှသက်ဝင်ယုံကြည်သူတစ်ဦးအဆင့်သို့တက်လှမ်းနေသူတစ်ဦးဖြစ်ကြောင်းသိသာစေလို၍ဖြစ်သည်။ ဘာသာတရားအားရှုတ်ချအပြစ်တင်နေခြင်းမဟုတ်ကြောင်းစာဖတ်သူသိရှိနားလည်နိုင်မည်ထင်ပါသည်။
၂၀၀၆ခုနှစ်တွင်ကျွန်ုပ်အထက်တန်းကျောင်းပြီး၏။ ထို့နောက်ကျွန်ုပ်၏ဖခင်နောက်သို့လိုက်၍ကားစပယ်ယာ၊ သစ်ခွဲသစ်ထမ်း၊အိမ်ဆောက်အလုပ်ဖြင့်တစ်နှစ်ကျော်မျှကြာခဲ့လေသည်။ထိုအချိန်တွင်လူများ၏အကြောင်းကိုစ၍စိတ်ဝင်စားခဲ့ပါသည်။ ဗုဒ္ဓဘာသာလိုဆိုလျင်ခန္တီ၏သဘော၊ပညတသဘော၊သုညတသဘော၊အနိစ္စသဘော၊နိတိသဘော၊၀ိပဿနသဘောစသည်တို့ကိုဒဿနဆန်ဆန်၊ စတင်တွေးခေါ်တတ်လာခဲ့သည်။ ကျွန်ုပ်သည်မနုဿလူသားဖြစ်၍ ယခုကဲ့သို့တွေးခေါ်သည်မှာမဆန်းပါ။ ခရိယာန်အယူဝါဒနှင့်ဗုဒ္ဓဘာသာအယူဝါဒများကိုလက်လှမ်းမှီသရွေ့လေ့လာခဲ့သည်။သို့သော်ကျွန်ုပ်သည်ထိုမျှခက်ခဲနက်နဲသောအရာများကိုလေ့လာရန်ညဏ်မမှီခဲ့ပါ၊။
ထိုအရွယ်ကျွန်ုပ်၏သိလိုတတ်လိုမှုသည်အင်မတန်မှကြီးမားခဲ့သည်။တစ်ထွာလောက်သောညဏ်ဖြင့်တစ်တောင်လောက်ထိလုပ်ခဲ့သည်။ သို့သော်တစ်လံလောက်ရရမည်ဟုမျှော်လင့်ခဲ့သည်။ ရှေ့တွင်ရေးသားခဲ့သောခရိယာန်ဘာသာနှင့်သက်ဆိုင်သောအကြောင်းများ၊အတွေးများသည်ကျွန်ုပ်သိလွန်းတတ်လွန်း၍မဟုတ်ပါ။ ထင်မြင်ချက်များကိုရေးသားခြင်းသာဖြစ်သည်။အမှန်ဆိုရလျှင်ကျွန်ုပ်တွင်အယူဝါဒနှင့်သဘောတရားများကိုဝေဖန်နိုင်ရန်ထိအသိပညာဗဟုသုတကြွယ်ဝမှုမရှိသေးကြောင်းဝန်ခံလိုပါသည်။


(ဆက်ပါဦးမည်)
ဝဏ္ဏအောင်

No comments: